Monday, July 5, 2010
Tuesday, June 22, 2010
အားလုံးပျော်ဖို့
တစ်ခါက နိုင်ငံတစ်နိုင်ငံ၏ လူကြီးသုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ကြည့်ရှုကြတယ်။
အဲဒီအချိန်မှာ ပထမ လူကြီးတယောက်က သူ့ရဲ့စိတ်ကူးကို စပြောတယ်။”
တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲကွ…နော်”
အဲလိုပြောတော့ ဒုတိယ လူက အားကျမခံ ” ၅၀၀ တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက် ပျော်ရမှာကွ”
တတိယ လူကလည်း ဘယ်နေပါ့မလဲ။
” ၁၀၀ တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်နော့်”
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အမြင်ကပ်လာပြီး ခုလို ပြောလိုက်တယ်။
“ခေါင်းဆောင်ကြီးတို့ သုံးယောက်စလုံးသာ ခုန်ချလိုက်ရင် ဒီနိုင်ငံမှာရှိတဲ့ လူတွေအကုန်လုံး ပျော်ကြမှာဗျ”

Tuesday, June 15, 2010
သူ့လုပ်ပုံက
“ဆရာ – ကျွန်မယောက်ျား ရူးနေပြီလို့ ထင်ပါတယ်။ နည်းနည်းစစ်ဆေးပေးပါဦး။”
“သူက ဘာတွေထူးထူးခြားခြားလုပ်နေလို့ လဲ။”
“အရက်သွားသောက်တိုင်း အိမ်တံခါးမကြီးက တံခါးရွက်ကို ဖြုတ်ဖြုတ်ယူသွားတယ် ဆရာ။”
ဒီတော့ ဆရာဝန်က ခပ်ငေါင်ငေါင်နဲ့ ရပ်နေတဲ့ ယောက်ျားဖြစ်သူဘက်ကိုလှည့်ပြီး -
“ကဲ – ခင်ဗျားမိန်းမပြောတာ ဟုတ်သလား။”
“ဟုတ်ပါတယ်။”
“ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ။”
“သူက မူးပြီးပြန်လာရင် တံခါးဖွင့်မပေးဘူး ပြောလို့ပါ။”

Wednesday, June 2, 2010
ဟာသများ
မဖြစ်နိုင်ဘူး
တခါက လူတယောက်က ဧည့်ခန်းထဲမှာ တီဗွီထိုင်ကြည့်နေတယ်..အဲဒီအချိန် တံခါးခေါက်သံကို သူကြားလိုက်တယ်..ပြန်မေးလိုက်တယ်.
`ဘယ်သူလဲ´
အပြင်က ပြန်ဖြေတယ်။
`ငါပဲ´
အထဲက လူအ၇မ်းလန့်သွားတယ်..သူမှန်ေ၇ှ့ကိုပြေးပြီး သွားကြည့်လိုက်တယ်..မှန်ထဲမှာ
သူ့အ၇ိပ်ကို သူမြင်နေ၇တယ်..ဒီတော့မှပြန် အော် ပြောလိုက်တယ်..
`မဖြစ်နိုင်ဘူး..ငါက ဒီမှာ ၇ှိနေတာပဲဟာ´
တိုက်ထည့်လိုက်မလို့
မစ္စတာbean၇ထားမောင်းတယ်..တစ်နေ့တော့ သူမောင်းတဲ့၇ထားက လမ်းချော်ပြီး လယ်ကွင်း ထဲကျသွားလို့
၇ထားစီးတဲ့လူတွေဒဏ်၇ာ ၇ကုန်တယ်..မီး၇ထားကအ၇ာ၇ှိက သူ့ကိုခေါ်ဆူ တယ်..
`၇ထားမောင်းတယ်ဆိုတာ လူအများကြီး၇ဲ့ အသက်ကို မင်းလက်ထဲမှာ ထည့်ပြီးမောင်း၇တာ.. မင်းဘာလို့ ဒီလောက်တာဝန်မဲ့၇တာလဲ´
beanကဖြေတယ်..
`မဟုတ်ပါဘူးဆ၇ာ..ကျွန်တော်ဒီနေ့ ၇ထားမောင်းလာတဲ့ လမ်းမှာ လူတယောက်က လှဲအိပ် နေတယ်..ကျွန်တော်အဝေးကြီးကနေ
ဥသြတခါဆွဲတယ်..သူမထဘူး..နောက်တစ်ခါဆွဲတယ်..
သူမထဘူး..နောက်တခါထပ်ဆွဲတယ်..သူမထဘူးခင်ဗျ..´
အဲဒါနဲ့ အ၇ာ၇ှိကပြောတယ်..
`သူမထလဲ တက်ကြိတ်လိုက်တော့ပေါ့ကွာ..လူတယောက်ထဲ အသက်ကို ငဲ့ပြီး လူအများကြီးပါ တဲ့ ၇ထားကိုလယ်ကွင်းထဲထိုးချလိုက်တာတော့ ဘယ်ကောင်းမလဲ´
beanပြန်ဖြေတယ်..
`ဟုတ်တယ်.ကျွန်တော်လဲ တိုက်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ၇ထားကို သူ့နားမောင်းလာတဲ့ အခါမှာ သူက လယ်ကွင်းထဲ ဆင်းပြေးသွားလို့..´
(၁၉၇၀ခုနှစ်က တစ်ကွက်ကာတွန်းများဖြစ်ပါတယ်)
ဆံပင်ညှပ်ခဲ့ပါ
ကလေးက ကျောင်းကနေ အိမ်ကိုပြန်လာတယ်..
`မေမေေ၇..သားကို ဆ၇ာမက ဆံပင်ညှပ်ခဲ့ပါတဲ့´
`ဒီတော့ သားက ဆံပင်ညှပ်တော့မယ်ပေါ့..´
´ဟင့်အင်း..ကျောင်းထွက်တော့မယ်..´
ဒါတွေယူသွား
တစ်ညမှာ အိမ်တအိမ်ကို သူခိုးဝင်တယ်..အဲဒီအိမ်ကကောင်လေးက သူခိုးကိုတွေ့သွားတယ်..
သူခိုးလဲလန့်သွားတယ်..ကောင်လေးက ဘာမပြောဘာမဆိုနဲ့ သူ့ကျောင်းစာအုပ်တွေ
မ,ချ လာပြီးသူခိုးကိုပေး၇င်း ပြောလိုက်တယ်..
`ေ၇ာ့.ဒါတွေပါယူသွား..မယူသွား၇င် တအိမ်လုံးနိုးအောင် အော်ပစ်လိုက်မယ်´
မငြင်းတော့ပါဘူး
ကျောင်းတွင် ဆ၇ာက ကလေးတယောက်ကိုမေးသည်..
`ကမ္ဘာကြီးက ဘယ်လိုပုံ၇ှိသလဲကွ´
ကလေးက မဆိုင်းမတွ ဖြေသည်..
`လုံးတယ် ဆ၇ာ´
´ကမ္ဘာကြီးလုံးကြောင်း ဘယ်လို သက်သေပြနိင်သလဲ´
ကလေးက ခဏတိတ်သွားပြီး ပြန်ဖြေသည်..
`ဆ၇ာပြားတယ် ထင်၇င်လဲ ထားလိုက်ပါတော့ ဆ၇ာ..ကျွန်တော် ဆ၇ာနဲ့ ပြိုင်မငြင်းချင်ပါဘူး´
ဘယ်မှာလဲ
လုတယောက်က အလွန်အမင်း သွားကိုက်နေတယ်..သူ့ကို အိမ်နီးချင်း လူတယောက်က ပြောတယ်..
`ကျွန်တော်ကတော့ဗျာ..သွားနာနေတုန်းက ကျွန်တော့်မိန်းမက အာဘွားပေးလိုက်တာ တခါတည်းကို
သက်သာသွားေ၇ာဗျို့..ခင်ဗျားလဲ အဲ့လို လုပ်ကြည့်ပါလား´
သွားကိုက်နေတဲ့လူ ၀မ်းသာအား၇ မေးတယ်..
`ဟာ..ဟုတ်လား..ခု ခင်ဗျားမိန်းမ ဘယ်မှာလဲ´
ဒီလိုမေး၇တယ်ကွ
၇ွာတစ်၇ွာမှာ အိမ်ထောင်စုစာ၇င်းကောက်ဖို့မောင်အ ကို ၇ွာလူကြီးက တာဝန်ပေးလိုက်တယ်..
`လွယ်ပါတယ်ကွာ..မင်းက တအိမ်တက် တအိမ်ဆင်း အိမ်ထောင်စုစာ၇င်းကောက်ဖို့ပါလို့ ပြော
အိမ်ထောင်၇ှိလား..ကလေးေ၇ာ၇ှိလား..ယောကျာ်းလေးဘယ်နှယောက် မိန်းကလေးဘယ်နှ
ယောက် အဲ့လိုမေးပြီး ဒီစာအုပ်ထဲမှတ်ခဲ့၇ုံပဲ´
မောင်အ အိမ်တအိမ်ထဲဝင်သွားတယ်..ကောင်မလေး တယောက်ထွက်လာတယ်..မောင်အ ပြောလိုက်တယ်..
`အိမ်ထောင်စု စာ၇င်းကောက်မလို့..မင်းဒီအိမ်ကလား´
ကောင်မလေး ခေါင်းညိတ်ပြတယ်..မောင်အက မေးတယ်..
`အိမ်ထောင်၇ှိလား´
`မ၇ှိပါဘူး´
`ဒါဆိုကလေးေ၇ာ..´
`ဖြန်းးးးးးးးးးးးးးး´
မောင်အကို ကောင်မလေးက ပါး၇ိုက်ပြီး အိမ်ထဲပြန်ဝင်သွားတယ်..မောင်အလဲ ၇ွာလူကြီးင်္ဆီပြန် လာပြီးပြော့ပတယ်..၇ွာလူကြီးကပြောတယ်..
`အေးပေါ့ကွာ..အိမ်ထောင်မ၇ှိပါဘူးပြောတာ ကလေးက ဘယ်၇ှိမှာလဲ ..ဒီတခါ ကလေး၇ှိလား အ၇င်မေးကြားလား´
မောင်အ ပြန်ထွက်လာတယ်..အိမ်တအိမ်ကိုဝင်တယ်..အဘွားကြီးတယောက်ကိုတွေ့တော့ သူပြောတယ်..
`အိမ်ထောင်စုစာ၇င်းကောက်မလို့ ..အဘွားဒီအိမ်က လား`
`အေး´
`အင်း..အဘွား ကလေး၇ှိလား..´
`အေး၇ှိတယ် ၆ယောက်´
`ဒါဆို အိမ်ထောင်ေ၇ာ..?´
`ဖြန်းးးးးးးးးးးးးးးးးး´
အဘွားကြီး အိမ်ထဲပြန်ဝင်သွားတယ်..
မ၇ှိလို့
တိုလီမိုလီ ပစ္စည်းလေးတွေေ၇ာင်းတဲ့ ဆိုင်တဆိုင်ကို လူတယောက်ဝင်လာပြီးမေးတယ်..
`တူ၇ှိလား´
`ဟင့်အင်း´
`သံေ၇ာ´
`ဟင့်အင်း´
`ဒါဆို လွှ´
`မ၇ှိဘူး´
`ကော်တို့ တိပ်တို့ ပလာယာတို့..´
`ဘာမှမ၇ှိဘူး´
`ဟင်..ဒါဆို ခင်ဗျားတို့ ဘာလို့ ဆိုင်ဖွင့်နေသေးလဲ´
ဆိုင်၇ှင်ပြန်ဖြေတယ်..
`ဆိုင်ပိတ်ဖို့ သော့မ၇ှိလို့´
(just fun)
ဆေး၇ုံ တစ်ခုထဲကို လူနာတယောက်ေ၇ာက်လာတယ်..သူနာပြုကမေးတယ်..
`ဘာလာလုပ်တာလဲ´
`ဆေးရုံ့တက်ချင်လို့ပါ´
`ဆေး ပါလား´
`မပါဘူးခင်ဗျ´
`ပတ်တီးေ၇ာ´
`မပါဘူးခင်ဗျ´
`ဂွမ်း´
`မပါဘူးခင်ဗျ´
`ခွဲဖို့ စိတ်ဖို့ ကိ၇ိယာတန်ဆာပလာ..´
`ဘာမှမပါပါဘူးခင်ဗျ..´
သူနာပြုဒေါသထွက်ပြီး ပြန်မေးတယ်..
`ဘာမှမပါဘဲ ဆေး၇ုံကို ဘာလာလုပ်တာလဲ..´
တူးတီးတူတူးတူး
ချူချာလူမျိုးတယောက်က အင်္ဂလန်ကိုသွားလည်တယ်..ဟိုတယ် မှာတည်းတယ်..သူက receptionistကိုပြောတယ်..
`တူးတီးတူတူးတူး´
receptionistနားမလည်ဘူး..ဒါနဲ့ စပိန်ဘာသာပြန်ကိုခေါ်မေးတယ်..စပိန်ဘာသာပြန်က မေးတယ်..
`ဘာအလို၇ှိပါသလဲ လူကြီးမင်းခင်ဗျာ´
ချူချာပြန်ပြောတယ်..
`တူးတီးတူတူးတူး´
စပိန်ဘာသာပြန်နားမလည်ဘူး..ဒါနဲ့ ပြင်သစ်ဘာသာပြန်ေ၇ာက်လာတယ်..မေးတယ်..ချူချာ ကလဲ ပြန်ပြောတယ်..
`တူးတီးတူတူးတူး´
ပြင်သစ်လဲ နားမလည်ဘူး..စကားပြန်တွေတော်တော်စုံသွားတယ်..ဘယ်သူမှ နားမလည်ဘူး.. နောက်ဆုံးဟိုတယ် မန်နေဂျာေ၇ာက်လာတယ်..မေးတယ်..
`ဘာများအလို၇ှိပါသလဲ လူကြီးမင်းခင်ဗျာ´
ချူချာကပြောပြတယ်..
`တူးတီးတူတူးတူး´
မန်နေဂျာ စဉ်းစားတ.ယ်..ပြီးတော့မှ ၀မ်းသာအား၇ ထပြောတယ်..
`အော်..သူကပြောတယ်...လက်ဖက်၇ည်နှစ်ခွက် အခန်းနံပါတ် ၂၂ ကိုလာပို့ပေးပါတဲ့´
အေးလေ..အေးလေ..
တစ်ကိုယ်လုံး ဘာမှဝတ်မထားတဲ့ အမျိုးသမီးတယောက် တက်ခ်စ်ီတားတယ်..ကားသမားက
၇ပ်ပေးလိုက်တယ်..အမျိုးသမီးက ကားပေါ်တက်ထိုင်တယ်..ကားသမားက ကားကိုေ၇ှ့ကို
ကြည့်မမောင်းဘဲ အဲဒီမိန်းမကိုပဲ ဟိုကြည့်ဒီကြည့်နဲ့
ကြည့်ပြီးမောင်းနေတယ်..ကြာတော့ အမျိုး သမီးကမေးတယ်..
`၇ှင် ဘာလို့ ကျွန်မကိုပဲ ကြည့်နေ၇တာလဲ..၇ှင်ကနှာဗူးပဲ..´
ကားသမားက ပြန်ပြောတယ်..
`ကျွန်တော်နှာဗူး မဟုတ်ပါဘူး..ကျွန်တော် စဉ်းစားနေတာက ခင်ဗျား ကျွန်တော့်ကားပေါ်က ဆင်း၇င်
ကျွန်တော့်ကို ဘယ်အိတ်ထဲကနေ တက်ခ်စီခ ပေးမလဲလို့ကြည့်နေတာပါ..´

Wednesday, May 26, 2010
MAI မြန်မာ့ လေကြောင်း မှ လှိုက်လဲစွာ ကြိုဆိုပါတယ်…

မင်္ဂလာ ရှိသော မနက်ခင်းပါ၊ မြန်မာ့ နိုင်ငံတကာ လေကြောင်းမှ ထိုင်နေသာ
ခရီးသည်များနှင့် မတ်တက်စီးနင်း လိုက်ပါလာသော ခရီးသည်များကို
နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော်ကတော့ လေယဉ်မှူး သူရိန် ဖြစ်ပါတယ်။
လူကြီးမင်းများအားလုံး ကိုယ့်ထိုင်ခုံ တွင် ထိုင်ကြရန် နှင့်
မတ်တက်ရပ်သူများ သေချာ မတ်တက် ရပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ မြန်မာ့
လေကြောင်း မှ ခရီးစဉ်ချိန် ၄ရက် နောက်ကျသွားခြင်းကြောင့် ၀မ်းနည်းပါတယ်။
ရာသီဥတု မကောင်းတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ Flight 747 စင်္ကာပူ မှ
မြန်မာပြည် ကို ပျံသန်း နေခြင်းဖြစ်ပါတယ်။ လေယာဉ် ဘယ်နား
ရပ်နားမယ်ဆိုတာတော့ ပြောလို့ မရပေမဲ့ မြန်မာပြည် တစ်နေရာရာမှာ
ရပ်နားမှာတော့ ကြိမ်းသေပါတယ်။ ကံကောင်းရင် လူကြီးမင်းတို့ နေတဲ့ ရပ်ကွက်မှာ
ဆင်းသက်နိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာ့ လေကြောင်းဟာ ခရီးစဉ်အားလုံး ဘေးကင်းစွာပဲ
ပျံသန်းနေတာကြာပါပြီ၊ ဘယ်လောက် အန္တရာယ် ကင်းသလဲဆိုရင် အကြမ်းဖက် သူတွေတောင်
ကြောက်ပြီး
မစီးကြပါဘူး။ သတင်းကောင်းပါး လိုက်တာကတော့ ကျွန်တော်တို့ ရဲ့ ခရီးသည် ၃၀%
ဟာ သူတို့ သွားလိုတဲ့ ခရီးကို မြန်မာ့လေကြောင်း ပို့ဆောင်မှုကြောင့်
ရောက်ရှိခဲ့ပါတယ်။ ခရီးသည်များ တောင်းဆိုချက်အရ ကျွန်တော်တို့ရဲ့ လေယာဉ်
ပန်ကာ အင်ဂျင်ဟာ နားငြီးတယ် ဆိုရင် ပိတ်ပေးလို့ ရပါတယ်။ တကယ်
ဘုရားတရားမကိုင်းရှိုင်းသူများ ကျွန်တော်တို့ လေကြောင်းဟာ ဘုရားရှိလား
မရှိလားဆိုတာကို တကယ်ရှာဖွေပေးပါတယ်။
ကျွန်တော်တို့ရဲ့ In Flight ရုပ်ရှင်ကတော့ တီဗီက ပြသနေတာတွေကို ကူးယူဘို့
မေ့သွားလို့ ကြည့်ရှုလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နဲ့ အမြင့်ချိန်တူ ဘေး
မနီးမလှမ်းမှာ ပျံသန်း နေတဲ့ Emirate
Airline မှာ ပြသ နေတဲ့ ရုပ်ရှင်ကို ညာဘက်က ပြုတင်းပေါက်တွေကနေ
လှမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ရဲ့ လေကြောင်းအားလုံးတွင်
ဆေးလိပ် မသောက်ကြရန် နှင့် မီးခိုးငွေ့တွေ့ပါက ကျွန်တောတို့ တပ်ဆင်ထားတဲ့
အင်ဂျင်စက် က အရှိန်လျှော့ရန် အချက်ပြသနေခြင်းဖြစ်ပါတယ်။
ခရီးသွားများ ဘယ်ကနေ ဘယ်ကို ပြန်သန်းနေတယ်ဆိုတာ
လမ်းတစ်လျှောက်မြင်ဖူးတယ်ရှိအော င် အတတ် နိုင်ဆုံး မြေကြီးနဲ့ ကပ်ပြီး
ပြန်သန်းနေပါတယ်။ မြေလွှာနဲ့
သိပ်ကပ်သွားတယ်ဆိုရင်လဲ အကြောင်းကြားပေး စေချင်ပါတယ်။ကျွန်တော်တို့ မြန်မာ
လေကြောင်းဟာ မကြာခင်မှာ ဆင်းသက်တော့မှာမို့ ခါးပတ်များ ပတ်ထားကြရန်နှင့်
ခါးပတ် ရှာမရသူများ ၊ ကိုယ့်ခါးမှာ ပါလာတဲ့ ခါးပတ်ကို ထိုင်ခုံနှင့်
ချီထားကြပါရန်၊ ထိုင်ခုံ မရှိသော ခရီးသည်များ ဘယ်လို ခါးပတ်ပတ်ရမည် မသိပါက၊
ကျွန်တော်တို့ ရဲ့ လေယဉ်မယ်များကို ကိုယ်ပါလာတဲ့ လက်ကိုင်အထုတ်တွေနဲ့
ဘယ်လို ချီရမယ်ဆိုတာ ကို အကူအညီ တောင်းနိုင်ပါတယ်။ကျွန်တော်တို့ မြန်မာ့
လေကြောင်းဟာ ခရီးသည်များ ခေတ်မှီစွာ လက်မှတ်များ ၀ယ်ယူနိုင်ရန် အင်တာနက်မှ
တဆင့် ရောင်းချပေးနေပါတယ်။ မြန်မာပြည်မှာ မီးပျက်တာရယ်၊ အင်တာနက် ဆာဗာ များ
လေးလံတာရယ်၊ ကမ္ဘာ့သုံး ငွေကြေးကဒ် စနစ်မရှိသေးသောကြောင့်
လက်မှတ်ဝယ်ရာတွင် ပုံမှန်လိုပဲ ငွေကို ကောင်တာတွင် လက်ငင်းချေပါရန်
ပန်ကြားအပ်ပါတယ်။
မြန်မာ့လေကြောင်းမှ ကျေးဇူးအထူးတင်ရှိပါသည်။

လမ်းတစ်လျှောက်မြင်ဖူးတယ်ရှိအော

Sunday, May 16, 2010
ဖြစ်စေချင်တာက
အရောင်းစာရေးမ တစ်ဦး၊ စီမံရေးရာ စာရေး တစ်ဦး နှင့် မန်နေဂျာ တစ်ဦးတို့ နေ့လည်စာ အတူထွက်စားကြသည်။ တစ်နေရာ အရောက်တွင် လွန်စွာ အိုမင်းဟောင်းနွမ်းနေပြီ ဖြစ်သော ကြေးဝါမီးခွက် ကလေးတစ်လုံးကို တွေ့လေ၏။ သူတို့ ပွတ်တိုက်ကြည့်ကြ၏။ ထိုအခိုက် အတွင်းမှ မီးခွက်စောင့်နတ်သမီး ဂျင်းနီ ထွက်လာလေသည်။ ဂျင်းနီက " သင်တို့ လိုရာကို ပြောလော့၊ ကျွန်ုပ် ဖန်ဆင်းပေးမည် " ဟုပြောလေသည်။
ထိုအခါ စီမံရေးရာစာရေးက "ကျုပ်အရင်ပြောမယ်... ကျုပ်အရင်ပြောမယ်" ဟုဆိုကာ "ကျွန်ုပ် ဖလော်ရီဒါနားက Bahamas ကျွန်း လေးကို သွားချင်တယ်။ Speed Boat စီးပြီး ဇိမ်ကျကျနေမယ်...ဘယ်သူ့မှဂရုစို က်စရာ မလိုဘူး..."။ ပြောပြီးပြီချင်း ဂျင်းနီက ခေါင်းတချက် ငြိမ့်လိုက်ရာ သူ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
နောက်..."ဒီတစ်ခါ... ငါ့အလှည့်" ... အရောင်းစာရေးမက အတင်း ၀င်ပြောသည်။ ငါ ဟာဝိုင်ယီကျွန်း ကို သွားမယ်။ ကမ်းခြေမှာ massage နှိပ်ပေးတဲ့သူ နဲ့ "Pina Coladas" သီးစုံဖျော်ရည်လေး မြုံပြီး မှိန်းနေမယ်...။ သူမပြော ပြီးပြီး ချင်း ဂျင်းနီက ခေါင်းတစ်ချက်ငြိမ့်လိုက်သ ည်။ သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။
နောက်... "ရှင့် အလှည့်" ဂျင်းနီကပြောသည်။
မန်နေဂျာက ခေါင်းတချက်ညိတ်လိုက်ပြီး "ကျွန်တော်ဖြစ်စေချင်တာကတော့  ဟို နှစ်ကောင်ကို ကျွန်တော် ထမင်းစားပြီးချိန်မှာ ရုံးကို ပြန်ရောက်လာအောင်လုပ်ပေးပါ ။"

Wednesday, December 16, 2009
*ပြောရမှာခက်တယ်*
မိန်းမဖြစ်သူမီးဖွားတော့မည်ဖြစ်
ဖုန်းဆက်ခေါ်သည်။ ဆရာဝန်မကြီးရောက်လာပြီး.....
"လူနာရော"
"အခန်းထဲမှာ"
"ရှင် အပြင်မှာနေနော်"
"ဟုတ်ကဲ့"
ခဏလေးကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး
"ကျောက်လှည့်ရှိရင် အမြန်ပေးပါ"
"ဟုတ်"
ယောက်ျားဖြစ်သူကယူပေးလိုက်တယ်။ ဆရာမကြီးက၀င်သွားပြီး
ပြန်ထွက်လာတယ်။
"ပလာယာပါလို ချင်တယ်"
"ဟုတ်"
တစ်မိနစ်လောက်ကြာတော့
"စို့ နဲ့ တူသာပေးပါတော့"
ဒီတော့လူနာရှင်ကစိုးရိမ်ပြီး-
"ဗျာ လူနာရဲ့ အခြအနေကတော်တော်ဆိုးလို့ လား"
"မပြောတတ်သေးဘူးရှင့် ဆေးသေတ္တာကိုဖွင့်လို့ မရသေးလို့ "
Subscribe to:
Comments (Atom)