Tuesday, June 15, 2010

သူ့လုပ်ပုံက

“ဆရာ – ကျွန်မယောက်ျား ရူးနေပြီလို့ ထင်ပါတယ်။ နည်းနည်းစစ်ဆေးပေးပါဦး။”
“သူက ဘာတွေထူးထူးခြားခြားလုပ်နေလို့ လဲ။”
“အရက်သွားသောက်တိုင်း အိမ်တံခါးမကြီးက တံခါးရွက်ကို ဖြုတ်ဖြုတ်ယူသွားတယ် ဆရာ။”
ဒီတော့ ဆရာဝန်က ခပ်ငေါင်ငေါင်နဲ့ ရပ်နေတဲ့ ယောက်ျားဖြစ်သူဘက်ကိုလှည့်ပြီး -
“ကဲ – ခင်ဗျားမိန်းမပြောတာ ဟုတ်သလား။”
“ဟုတ်ပါတယ်။”
“ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ။”
“သူက မူးပြီးပြန်လာရင် တံခါးဖွင့်မပေးဘူး ပြောလို့ပါ။”

No comments: