Friday, November 21, 2008

စိတ္တဇ ဟာသများ (၄)

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။ လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။ လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။ "ဟေ့ကောင်.......မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.." "မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.." "မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.." "မဆင်းဘူးဆရာ...မဆင်းဘူး" ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က အဲဒီလူနာဆီ ကနေ အကူအညီ တောင်းပါတယ်။ လူနာက သေနတ်ကို ယူလိုက်ပြီး "ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.." "ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.." ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က "မင်းက ငါပြောတုန်းကတော့ မဆင်းဘူး...ဘာလိုသူပြောမှ ဆင်းတာလဲ.." "ဟာ..ဆရာကလူကောင်းဆရာရဲ့..တကယ်မပစ်ဘူးဆိုတာကျွန်တော်သိတယ်..အဲကောင်က ရူးနေတာ..တကယ်ပစ်မှာ.."

စိတ္တဇ ဟာသများ (၂)

စိတ္တဇ ဆေးရုံတစ်ခု ဟာလူနာတွေကိုလေယာဉ်နဲ့ တင်ဆောင်လာပြီးတော့ အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။
ဆရာဝန်ကတော့ လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။ အဲဒီမှာ လေယာဉ်ထဲ ကနေ အသံတွေကိုဆူညံနေအောင်ကြားရပါတယ်။
ဆရာဝန်က အရူးခေါင်းဆောင်ကို ဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။
"ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ"
"ဘောလုံးကန်နေကြတာပါ ဆရာ"
"ဟာ.....လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား..သွားစမ်း"
"ဟုတ်ကဲ့ပါဆရာ"
အရူးခေါင်းဆောင်ထွက်သွားလေသည်။ ခဏနေ တော့ဘာသံမှ မကြားရတော့။ ဆရာဝန် သည်သဘောကျသွားသည်။
ဘဲလ် နှိပ်ပြီး အရူးခေါင်ဆောင်ကို လှမ်းခေါ်လိုက်သည်။
"မင်းဘယ်လိုထိန်းလိုက်တာလဲ...တိတ်ဆိတ်သွားတာပဲ"
"ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို.....အဲဒါနဲ့ ကျွန်တော်လည်း လေယာဉ် တခါးပေါက်ကိုဖွင့်ပေးလိုက်တာ အခု
သူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ "

ဒါကဒီလိုရှိပါတယ်

မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာအားပေးလိုက်ရာ ဆရာက မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက်
"ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင်းအဖေလက်ရေးနဲ့တူနေပါလား။ မင်းဘာပြောချင်သေးသလဲ။"
မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက်...
"သြော် ကျွန်တော်ရေးတာပါဆရာ၊ နို့ပေမယ့် ဖေ့ဖေ့ဖောင်တိန်နဲ့ရေးလို့ ဖေ့ဖေ့ လက်ရေးဖြစ်နေတာပါ။"

လူမထွက်ဘူး

ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ
ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။
ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။
ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာက မှမရှိဘူးဟ။ တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက်
ဟာဘယ်သူက မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါ ဘုရား။
ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။

Thursday, November 20, 2008

သိပြီးသား

တနေ့သောအခါ မိန်းမကြီးတစ်ယောကသ် ည် မိမိနေအိမ်သိုြ့ပန်ရာ လမ်းခုလပ်တငွ် အိမ်မွေး တိရစ္ဆာ
န်ဆိုင်ကို ဖြတ်ကျော်ရပေသည။် ထိုဆိုင်သို့  ဖြတ်ကျောေ် နစဉ်အတွင်း ကြကတ်ူရေွး တစ်ကောင်သည်
ထိုမိန်းမကြီးအား “အင်မတန်ရုပ်ဆိုးလိုက်တာဗျာ”
မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့ တစ်ခါ
ထပ်မံဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တေူရွးသည် “အင်မတန်ရုပ်ဆိးုတဲ့ မိန်းမကြီးဗျာ”
ထိုမိန်းမကြီးလည်း အကြီးအကျယ် ဒေါသထွက် လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား
အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်း သတ်ပစ်မည်
၊ ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။
နောက်နေ့ တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ... ဟ။ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ...

ရွေးချယ်မှု

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည။်
"ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရေွး ချယ် မလဲ"
"ရွှေကို ယူမှာပေါ့"
"ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား"
"ဟုတ် သိပါတယ် ၊ မိမိမှာ မပြည့် စုံတာကို လိုချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ"

မဖြစ်ဘူး

"ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါဦး"
" လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြှုပ်ထားလိုက်ပေါ့ဗျာ"
"ဟာ.... ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျောတ်ဲသူ့ဗျ။"

အဖေ့အပေါ် မူတည်တယ်

"မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့"
"အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက်
ဖေဖေဘာကို ရေွး မယ်ဆိုတာ မူတညပ်ါတယ်"

နောက်ဆို မခေါ်တော့ဘူး

မင်္ဂလာဆောင်တခု၌ဖြစ်သည်…
မိန်းမဘက်မှပါသောကလေးများသည် အဖွားဖြစ်သူနှင့် နေနေသည်။ ကလေးများက ဆိုးသဖြင့် အဖွား
ဖြစ်သူသည် စိတ်မရှည်တော့ပဲ
" ဟဲ့ ကလေးတွေ ငြိမ်ငြိမ်နေကြ၊ ဒီလိုဆိုးနေရင် နောက်တခါ နင့် အမေမင်္ဂလာဆောင်ရင် မလိုက်ရတော့
ဘူး"

အတူတူပဲ

မောင်ချစ်။ ငါသေသွားခရဲ့ င် မင်း နောက်အမိထောင်ပြုမှာလား ?
ဇနီးဖြစ်သူ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ... ဒါနဲ့ ရှင်ကော... ကျွန်မသေသွားရင် နောက် အိမ်ထောင်ပြု
မှာလား ?
မောင်ချစ် ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ... မင်းညမီနဲပ့ေဲ နမှာပေါ။့

လူတွေ့စာမေးပွဲတစ်ခုတွင်….

ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ ဖြစ်ပြီလို့ ပဲမက်နေတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦး
ခင်ဗျာ။
ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ပါ ငါ့တပည့်။

ငါ့အလှည့်

ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသား နှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂
ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်
တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့် တွင် သင်္ဘောသားအရက်မူးနေသောကြောင့် "ယနေ့ သဘောင်္ သား အရက်မူးသည"်
ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့် အရက်သမား အဖြစ်မခံ
နိုင်ပါ။ “ထိုမှတ်ချက်ကို ပြန်ဖျက်ပေးပါ” ဟုပြောသောအခါ ကက်ပတိန်က အမှန်ကို အမှန်အတိုင်းရေးတာ
ကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသား စိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘော
သားအလှည့် ကျသောအခါ ဤသို့ အမှန်အတိုင်း ရေးလိုက်သည်။
"ယနေ့ကက်ပတိန် အရက်မမူးပါ။"