Thursday, September 16, 2010

ဆရာဝန်တွေ ပြောတဲ့အတိုင်း


အရက်သမားတစ်ယောက် ဆရာဝန်ထံလာပြီး အရက်ဖြတ်လိုကြောင်းပြောတယ်။
ဒီတစ်ခါတော့ အရက်ကိုအမြစ်ဖြတ်ဖို့ သံဓိဌာန် ချထားတယ်လို့ ပြောတယ်။
ဒီတော့ဆရာဝန်က..
” ကူညီရမှာပေါ့ဗျာ။ ကောင်းတာလုပ်တာဘဲ။
အရက်ဆိုတာ တဖြည်းဖြည်းချင်းမျှဉ်းပြီး ဖြတ်ရတယ်။
ဒါကြောင့် ဒီနေ့ကစပြီး တစ်ရက်ကို နှစ်ပက်ထက်ပိုပြီး မသောက်မိစေဘဲ နေကြည့်စမ်းပါ။
နောက်တစ်ပတ် ကျွန်တေ့်ကိုပြန်လာပြပါ။ တိုးတက်မှုအခြေအနေကို ကြည့်ရအောင် “

၇-ရက်ကြာတော့ ထိုလူနာ တစ်ခေါက်ပြန်ရောက်လာတယ်။
သူ့ကိုယ်က အရက်နံ့တွေကတစ်ထောင်းထောင်း ထွက်နေတယ်။
ဒီတော့ ဆရာဝန်က မနှစ်မြို့စွာနဲ့ ..
” ဘယ်လိုလည်းဗျ၊ တစ်ရက်ကို နှစ်ပက်ထက်ပိုမသောက်ရဘူးလို့ ခင်ဗျားကို ကျွန်တော် ပြောထားတယ်လေ။
ခုတော့ အရက်ကန်ထဲ ကျလာသလား မှတ်ရတယ်။ မွှန်ထူနေတာဘဲ “

ဒီတော့အရက်သမားက လျှာလေး အာလေးနဲ့ပြောလိုက်ပုံက..

” ဘာလဲ.. ခင်ဗျားတစ်ယောက်ဆီမှာဘဲ ကျုပ်ကကုတယ်ထင်လို့လား “

Friday, August 13, 2010

Bill Gates အနားယူရခြင်း အကြောင်းရင်း ....

Customer တယောက်စီမှ Microsoft သို့ပေးပို့သောစာ
Attn: Bill Gates
Subject: ကွန်ပျူတာအသစ်မှ problem များ.

1. ကွန်ပျူတာမှာ START ပဲပါပြီး STOP မပါပါဘူး.
ပြန်ပြီးဆန်းစစ်သင့်တယ်လို့ထင်
ပါတယ်.
2. ကွန်ပျူတာမှာ RUN ပါတာတွေ့ပါတယ်. အဲ့ဒါကို SIT
လို့ပြောင်းပေးသင့်ပါတယ်. ဒါမှ ထိုင် နေရင်း အဲ့ဒီခလုပ်ကို
နှိပ်နိုင်မှာပါ။
3. FIND button ပါတာတွေ့လိုက်ပါတယ်. ဒါပေမယ့် တကယ်အသုံးမ၀င်ပါဘူး.
ကျွန်တော့် မိန်းမ တံခါးသော့ပျောက်တာ FIND ကိုနှိပ်ပြီး ရှာပေမယ့်
ရှာလို့မရပါဘူး။ ပြန်ဆန်းစစ်ပေးပါ။
4.ကျွန်တော့်ခလေး Microsoft Word ကိုကောင်းကောင်းတတ်သွားပါပြီ. သူက
Microsoft Sentences ကိုလေ့လာချင်နေပါတယ်.
ဘယ်လို ၀န်ဆောင်မှုပေးနိုင်မှာလဲ ။ ဖြေကြားပေးပါ။
5. ကျွန်တော် COMPUTER, CPU, MOUSE, KEYBOARD အားလုံးဝယ်လာပါတယ်.
ဒါပေမယ့် MY COMPUTER ICON ပဲတွေ့ပါတယ်. ကျန်တဲ့ DEVICES တွေ
ဘယ်လိုလုပ်ပေးမှာလဲသိချင်ပါတယ်
6. အံသြစရာတခုရှိပါတယ်. MY PICTURE ထဲမှာ ၀င်ကြည့်လိုက်တော့
ကျွန်တော့်ပုံလဲ တစ်ပုံမှ မတွေ့ပါဘူး. ဘယ်အချိန် MY PICTURE ထဲမှာ
ကျွန်တော့်ပုံ ထည့်ပေးမှာလဲ။
7. MICROSOFT OFFICE ကိုတွေ့ပါတယ် ဒါဆို MICROSOFT HOME ရော. ကျွန်တော်က
အိမ်မှာပဲသုံးမှာမို့လို့ပါ။
8.MY RECENT DOCUMENTS ရှိပေမယ့် MY PAST DOCUMENTS မရှိပါဘူး။ ဘယ်တော့
ထည့်ပေးမှာလဲ။
9. MY NETWORK PLACES ရှိပါတယ်. ကျေးဇူးပြုပြီး MY SECRET PLACES
ထပ်ထည့်ပေးပါ. ကျွန်တော် ရုံးချိန်ပြီးရင် ဘယ်သွားတယ်ဆိုတာ
ကျွန်တော့်မိန်းမကိုမသိစေချင်လို့ပါ။

နောက်ဆုံးမေးခွန်းကတော့ MR BILL GATES လူကြီးမင်း နာမည်မှာ GATES ပါပြီး
ဘာလို့ WINDOWS တွေရောင်းနေရတာလဲဆိုတာပါ.**

Tuesday, July 27, 2010

Jokes

ဘာမှတ်လဲ

-----------

ယောင်္ကျား။   ။ “ငါသေသွားလို့ကတော့ မင်းငါ့လို့ ယောက်ကျားမျိုး တစ်သက်

                    ထပ်ရှာတွေ့ မှာမဟုတ်ဘူး ဘာမှတ်လဲ....”

မိန်းမ။    ။“ကျွန်မကလည်း ဒီတစ်သက် ရှင့်လိုယောင်္ကျားမျိုး ထပ်ရှာမယ် ထင်

              နေလို့လား... ဘာမှတ်လဲ”





ဘုရားသခင်ဆိုတာ

-------------------

ကျွန်တော် ငယ်ငယ်တုန်းက စက်ဘီးလေး တစ်စီးရဖို့ ဘုရားသခင်ဆီမှာ အကြိမ်

ကြိမ် ဆုတောင်းခဲ့ဘူးတယ်... 

     နားလည်တဲ့ အရွယ်ရောက်လာတော့ ကျွန်တော့် စိတ်ကူးတွေ ပြောင်းသွား

     တယ်... 

လိုချင်တဲ့ စက်ဘီးကို ခိုးယူပြီးတော့ ဘုရားသခင်ဆီမှာ ခွင့်လွှတ်ပေးဖို့ပဲ အကြိမ်

ကြိမ် တောင်းပန်တော့တယ်...



တစ်ကယ်လား

--------------

လင်မယားနှစ်ယောက် ကုတင်ပေါ်လှဲရင်း စကားစမြည် ပြောနေတုန်း...

ယောင်္ကျား။   ။“ကိုယ်မင်းကို ကမ္ဘာပေါ်မှာ အပျော်ဆုံး မိန်းမဖြစ်သွားအောင် လုပ်

                    ပေးချင်လိုက်တာ.....”

မိန်းမ။    ။“တစ်ကယ်လား... ကျွန်မရှင့်ကို အမြဲတမ်း အမျှဝေပေးနေမှာပါ....”



သောက်ကျိုးနည်း

-----------------

ပူတင်းနှစ်လုံး မီးဖိုထဲမှာ ရှိနေတုန်း တစ်လုံးက

    “သောက်ကျိုးနည်း.... ဒီအထဲမှာ ပူလှချေလား...” 

အဲဒါနဲ့ နောက်တစ်လုံးက

    “သောက်ကျိုးနည်း ... ပူတင်းက စကားပြောတယ်ဟ....”



တစ်ကိုယ်တော်

---------------

ဆရာမ။   ။“အိမ်စာတွေကို သားအဖေက ဝိုင်းကူလုပ်ပေးတာလား... ပြောစမ်း...”

ကျောင်းသား။   ။“ကူလုပ်ပေးတာ မဟုတ်ပါဘူး ဆရာမ..”

ဆရာမ။   ။“ဒါဆို သားက ကိုယ့်ဟာကိုယ် လုပ်လာတာပေါ့ ဟုတ်လား...”

ကျောင်းသား။   ။“အဖေ တစ်ယောက်တည်း လုပ်တာပါ...”


Tuesday, July 13, 2010

သတင်းအစုံအလင်

အတွေးအခေါ် ။ ။အပျိုကြီးများ အိမ်ထောင်မရှိကြ..။
မှုခင်း ။ ။နွားပြာကြီးသေဆုံးရာမှ အမဲသားဖြစ်သွားခြင်း..
သုတေသန ။ ။ကလေးများကို မိခင်နို့တိုက်ကျွေးလျှင် တချိန် လူကြီးဖြစ်လာနိုင် ဟုဆို..။
နိုင်ငံတကာ အရေး ။ ။..ဖင်လန်နှင့် ဥရုဂွေး တယောက်ကိုတယောက်
မကြည့်နိုင်လောက်အောင်ဖြစ်နေရာမှ...စစ်ရေးအသွင်ပြောင်း.၊..ခုချိန်တွင်ဥရုဂွေးမှာ
မတည်ငြိမ်ပဲ လှုပ်တုတ်တုတ်ဖြစ်နေ...။
အားကစား သတင်း။ ။ ..ပြေးခုန်ပစ်တွင် ကပ်ပလီများ ကို ဆေးစစ်ရာမှ
အသားမဲကြောင်းတွေ့ရှိ..။
ကျန်းမာရေး။ ။....တနေ့ပန်းသီး တလုံးစားလျှင် တလ အလုံး 30 မှ 31 လုံး
ထိကုန်နိုင်...။
သိပ်ပံပညာ.။ ။..အနာဂတ်တွင် ယောက်ျား ရှားပါး မှုကြောင့် မိန်းမများ
ယောက်ျား shopping ထွက်ခြင်း၊.လေလံဆွဲခြင်း၊...ယောက်ျားလု
စစ်ပွဲများဖြစ်ခြင်း....၊.ခရမ်းသီးများဈေးတက်ကုန်ခြင်း တို့
ဖြစ်လာနိုင်ကြောင်း....
အနုပညာ ။ ။ရုပ်ရှင်ရိုက်ကွင်းများတွင် ကင်မရာ အစား ၀ါးရင်းတုတ်ဖြင့်
ရိုက်မည့် အစီအစဉ်အား မိုက်တီး ကတင်သွင်း ရာ မောင်မျိုးမင်း(ရေတွင်းပျက်)
က ပယ်ချလိုက်ကြောင်း.....။
နယ်သတင်းများ..။ဆိုင်များတွင် ကောင်လေးများက နံပြားဂျုံများကို နယ်ကာ
အိမ်များတွင်မိန်းမများက အသားများကို မဆလာနှင့် နယ်နေကြကြောင်း..။
အိုင်တီ.သတင်း.....။အင်တာနက်ဆိုင်များ
ပေါများလာခြင်းကြောင့်...အပြိုင်အဆိုင်ဖြစ်ကာ...ဈေးချခြင်း...၊ဆက်တိုက်သုံးလျှင်
ထမင်းပါကျွေးခြင်း ။ကွန်ကျလျှင် ငါးမျှားချိတ်ဖြင့် အစားထိုးပေးခြင်း
။အကောင့် အလန်းလေးများ ရှာပေးခြင်း..။တခါတလေ ကြူ ပါရဂူ များခန့်ထားပီး ကူ
ကြူပေး ခြင်း..(အဆင်ပြေလျှင် အပြင်မှာတွေ့ခြင်းအတွက်
စီစဉ်ပေးခြင်း....စသည့်ဝန်ဆောင်မှုများဖြင့်
ဈေးကွက်ချဲ့ထွင်လာနိုင်ကြောင်း...ကျွမ်းကျင် သူများက သုံးသပ်ကြ
ကြောင်း...။အချို့သော ဆိုင်များက မသမာသော
နည်းသုံးနိုင်သည်..။အွန်လိုင်းမှ အဆင်ပြေသွားကြသော အတွဲများ
နောင်လာမသုံးတော့မည်စိုးရိမ် ကာ ပြတ်အောင် ကြားကသွေးထိုး ခြင်းများပင်
လုပ်လာနိုင်ကြသည်ဆို ဧ်။

Monday, July 5, 2010

Tuesday, June 22, 2010

အားလုံးပျော်ဖို့

တစ်ခါက နိုင်ငံတစ်နိုင်ငံ၏ လူကြီးသုံးဦးဟာ ရဟတ်ယာဉ်စီးပြီး  နိုင်ငံအခြေအနေကို လှည့်လည်ကြည့်ရှုကြတယ်။


အဲဒီအချိန်မှာ ပထမ လူကြီးတယောက်က သူ့ရဲ့စိတ်ကူးကို စပြောတယ်။”

တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲကွ…နော်”

အဲလိုပြောတော့ ဒုတိယ လူက အားကျမခံ ” ၅၀၀ တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက် ပျော်ရမှာကွ”

တတိယ လူကလည်း ဘယ်နေပါ့မလဲ။

” ၁၀၀ တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်နော့်”

သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အမြင်ကပ်လာပြီး ခုလို ပြောလိုက်တယ်။

“ခေါင်းဆောင်ကြီးတို့ သုံးယောက်စလုံးသာ ခုန်ချလိုက်ရင် ဒီနိုင်ငံမှာရှိတဲ့ လူတွေအကုန်လုံး ပျော်ကြမှာဗျ”

Tuesday, June 15, 2010

သူ့လုပ်ပုံက

“ဆရာ – ကျွန်မယောက်ျား ရူးနေပြီလို့ ထင်ပါတယ်။ နည်းနည်းစစ်ဆေးပေးပါဦး။”
“သူက ဘာတွေထူးထူးခြားခြားလုပ်နေလို့ လဲ။”
“အရက်သွားသောက်တိုင်း အိမ်တံခါးမကြီးက တံခါးရွက်ကို ဖြုတ်ဖြုတ်ယူသွားတယ် ဆရာ။”
ဒီတော့ ဆရာဝန်က ခပ်ငေါင်ငေါင်နဲ့ ရပ်နေတဲ့ ယောက်ျားဖြစ်သူဘက်ကိုလှည့်ပြီး -
“ကဲ – ခင်ဗျားမိန်းမပြောတာ ဟုတ်သလား။”
“ဟုတ်ပါတယ်။”
“ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ။”
“သူက မူးပြီးပြန်လာရင် တံခါးဖွင့်မပေးဘူး ပြောလို့ပါ။”