Monday, August 31, 2009
သုံးရက်ကျမှ
အင်္ဂလိပ်အမျိုးသမီး အလှည့်ရောက်သည်၊
“ကျွန်မလည်း ယောကျာ်းနဲ့ လက်ထပ်တဲ့ နေ့မှာပဲ ပြောလိုက်တယ်၊ ကျွန်မ ထမင်းမချက်နိုင်ဘူး၊ ပန်းကန်မဆေးနိုင်ဘူးလို့၊ တရက်မမြင်ရဘူး၊ နှစ်ရက်မမြင်ရဘူး၊ သုံးရက်မြောက်တဲ့ နေ့မှာ သူသေတ္တာတလုံးနဲ့ ပြန်လာတယ်၊ သေတ္တာထဲက စက်ရုပ်က ထမင်းချက်ပေးတယ်၊ ပန်းကန်ဆေးပေးတယ်၊”
မြန်မာ အမျိုးသမီးအလှည့်ရောက်လာသည်၊
“ကျွန်မလည်း ယောကျာ်းနဲ့ လက်ထပ်တဲ့နေ့မှာပဲ ပြောလိုက်တယ်၊ ကျွန်မ တံမြက်စည်းမလှည်းနိုင်ဘူး၊ ရေမခပ်နိုင်ဘူး၊ ထမင်းမချက်နိုင်ဘူးလို့၊ တရက်မမြင်ရဘူး၊ နှစ်ရက်မမြင်ရဘူး၊”
“အဲ- သုံးရက်မြောက်တဲ့နေ့မှ ဘယ်ဖက်မျက်လုံးက နည်းနည်း ပြန်မြင်လာတယ်၊”
အတွင်းသိများ
သွားကြ၏။မြန်မာနိုင်ငံသား pilot ကမူအေးဆေးတည်ငြိမ်စွာဖြင့် "မကြောက်ကြပါနဲ့ ခင်ဗျာ အမေရိကန်
တွေကဒီလိုပဲ အကျီစားသန်တယ်ခင်ဗျ"။သူပြောသလိုပင် ထိုလေယာဉ်နှစ်စင်းးသည်အနီးရောက်သော
အခါကွေ့ သွားကြ၏။
ခဏနေသောအခါ တရုတ်တိုက်လေယာဉ်လာပြန်၏။pilot ကအပြုံးမပျက်ပြန် "စိတ်ချပါခင်ဗျာတရုတ်
တွေလည်းနောက်တက်ပါတယ်"။တစ်ကယ်ပင် အနားရောက်သောအခါကွေ့ သွားပြန်၏။
ထိုစဉ်အရှေ့မှ မြန်မာနိုင်ငံတိုက်လေယာဉ်မောင်းနှင်လာပြန်၏။pilot မျက်နှာပျက်သွားပြီး ချက်ချင်း
လေထီးကောက်စွတ်၏။Second pilot ကမေး၏ "ဟေ့လု ခင်ဗျားနိုင်ငံသားတွေကော မနောက်တက်
ဘူးလား"။Pilot က "သိပ်နောက်တက်တာပေါ့ဗျာ"။"ဒါဆိုဘာကြောက်စရာလိုလဲဗျ"။"သူတို့ အနီး
ကပ်မှရှောက်မှာကိုကြောက်လို့ပါဗျာ"
စေတနာ
မြို့ရှိ လူမှု့ရေး အသင်းက မိဘမဲ့ ကလေးများ ကူညီစောင့် ရှောက် ရေးအတွက် ရံပုံငွေ ကောက်ခံ နေသည်။လစဉ် ကောက်ခံ ရရှိသော အလှူငွေ စာရင်းတွင်မြို့ပေါ် ရှိ မန်ချက်စတာယူနိုက်တက် အသင်း၏ မန်နေဂျာ ဖာဂူဆန်၏အမည်မပါဘဲ ရှိနေသည်။ ထို့ကြောင့် အသင်း ဥက္ကဌက ဖာဂူဆန် နှင့်သွားရောက် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
“မန်နေဂျာကြီးခင်ဗျား မန်နေဂျာကြီးဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးနဲ့ ၀င်ငွေအကောင်းဆုံး မန်နေဂျာ တယောက်ပါ၊ အခုကျနော် တို့မြို့သူ မြို့သား တွေရဲ့ ကူညီထည့်ဝင်မှု့နဲ့ ဖွင့်လှစ်ထားတဲ့ မိဘမဲ့ ကလေးများ ကျောင်းဟာ တော်တော်လေးလည်း အရှိန်ရ နေပါပြီ။ ဒါပေ မယ့် သူတို့တွေရဲ့ စားဝတ်နေရေး။ ပညာရေး နဲ့ ကျန်မာရေး ဖွဲ့ဖြိုးတိုးတက်မှုတွေအတွက်တော့ ရံပုံငွေက လိုအပ်နေဆဲပဲ ဖြစ်ပါ တယ်။ အဲလို လိုအပ်မှုတွေကို ဖြည့်ဆည်းပေးဖို့အတွက် မန်နေဂျာကြီး အနေနဲ့ လစဉ် တတ်အားသမျှ အလျှူငွေ ထည့်ဝင်ဖို့ မေတ္တာရပ်ခံပါတယ်။”
ဖာဂူဆန် တချက် စဉ်းစားလိုက်သည်။
“ဟုတ်ပါတယ်။ ကမ္ဘာမှာတော့ ကျူပ်ဟာ အအောင်မြင်ဆုံးနဲ့ ၀င်ငွေ အကောင်းဆုံး မန်နေဂျာ ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့သိထား ရမှာက ကျနော့အမေဟာ နာတာရှည် လူမမာကြီး ဖြစ်နေတယ်။ သူ့ရဲ့ တလတလ ဆေးဖိုးကုန်ကျငွေ က ကျနော့ တလစာဝင်ငွေလောက် ရှိနေ တယ်”
ဖာဂူဆန် စကားကြားသောအခါ အသင်း ဥက္ကဌ နည်းနည်း အားနာသွားသည်။
“အေးဗျာ- ဒါကို --------”
အသင်းဥက္ကဌ စကားကို ဖြတ်၍ ဖာဂူဆန်က ဆက်ပြောသည်။
“နောက်ကျနော့မှာ မိုင်းထိလို့ မျက်စေ့ပျက်ပြီး ခြေထောက် ပြတ်နေရတဲ့ စစ်မှုထမ်းဟောင်း ညီတယောက်လည်း ရှိနေတယ်။”
အသင်းဥက္ကဌ ပို၍ အားနာသွားသည်။ ဖာဂူဆန်ကို တောင်းပန်ဖို့ ကြိုးစားသည်။ သို့သော် ဖာဂူဆန်က ဒေါသတကြီး ဆက်ပြော၏။
“ကျန်သေးတယ်။ ကျန်သေးတယ်။ နောက် ကျနော့ညီမ တယောက်။ သူယောကျာင်္က ကားမှောက်လို့ သေသွားတယ်။ ဘာလျှော်ကြေးမှ မရဘူး။ သူမှာ ကလေးသုံးယောက်နဲ့ အတိဒုက္ခ ရောက်နေတယ်။ ခင်ဗျားတို့ ဒါတွေသိရဲ့လား၊”
အလှူခံလာရောက်သော လူမှုရေးအသင်း ဥက္ကဌ အလွန်အမင်း အားနာသွားသည်။ ထို့နောက် တိုးလျှိုး တောင်း ပန်းသော လေသံနှင့် -----
“တကယ်ပါဗျာ - ဒါတွေကို ကျနော်တို့ အသင်းအနေနဲ့ တကယ်မသိခဲ့တာပါ၊ ”
အသင်းဥက္ကဌ တောင်းပန်သောအခါ
“ဟုတ်တယ် အဲဒါတွေကို ခင်ဗျားတို့ သိရမယ်။ ”
ထိုနောက် ဖာဂူဆန်က ခိုင်မာပြတ်သားသော လေသံနဲ့ ဆက်ပြောလိုက်သည်။
“နောက် ခင်ဗျားတို့ သိသင့်တာက သူတို့တွေကိုတောင် ကျူပ်က တပြားမှ မထောက်ပံ့တာ။ ခင်ဗျား တို့ အသင်း အတွက် ကျူပ်က ဘာလို့ အလှူ ထည့်ရမှာလဲ ဆိုတာပဲ၊”
Tuesday, August 25, 2009
သူ့အကြောင်းပြချက်
သူတို့ရဲ့ ကလေးရဲ့ အုပ်ထိန်းသူ ဘယ်သူဖြစ်သင့်သလဲ ဆိုတာကို အငြင်းပွားကြပါတယ်။
ဂျူရီလူကြီးတွေက သူတို့ နှစ်ယောက်စလုံးကို ဘာကြောင့် ကလေးရဲ့ အုပ်ထိန်းသူ
ဖြစ်သင့်တယ်လို့ ထင်သလဲ ဆိုတာကို မေးပါတယ်။ ပထမဆုံး ဂျူရီလူကြီးတွေက
အမျိုးသမီးကို မေးပါတယ်။ အဲဒီတော့ အမျိုးသမီးက
“ကျွန်မ ဒီကလေးကို ကိုးလလောက် ဝမ်းထဲမှာ လွယ်ထားရတယ်။ နောက်တော့ ကျွန်မ
နာနာကျင်ကျင်နဲ့ မွေးဖွား ရတယ်။ အဲဒါကြောင့် ဒီကလေးဟာ ကျွန်မရဲ့
တစိတ်တပိုင်းလို့ ပြောရင် ရတယ်။” လို့ ပြောပါတယ်။ ဂျူရီလူကြီးတွေက
အမျိုးသမီးရဲ့ အဖြေကို သဘောကျသွား ကြပါတယ်။
အဲဒီနောက်မှာတော့ အမျိုးသားကို အဲဒီမေးခွန်းကိုပဲ ထပ်မေးပါတယ်။
“ကောင်းပြီ။ ကျွန်တော် အကြွေစေ့ တစ်စေ့ကို ယူလိုက်တယ်။ ဖျော်ရည်ရောင်းတဲ့
စက်ထဲ
ထည့်လိုက်တယ်။ အဲဒီမှာ ဖျော်ရည် ထွက်လာတယ်။ ကဲ အဲဒီဖျော်ရည်ဟာ ကျွန်တော်
ပိုင်တာလား။ စက်ကပိုင်တာလား ပြောစမ်းပါ။” လို့ အမျိုးသားက သူ့ရဲ့
အကြောင်းပြချက်ကို ပြောပါတယ်။
ဟာသများ(၂)
ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက်
ပိုမရေတက်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။
(၆)ကယ်တော်မူပါ
သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။
(ရ)ဒါလည်းဟုတ်သားပဲ
ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။
(၈)သူ့ကြောင့်မိုပါ
မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။
(၉)မှားတက်ပလေ
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။
ဟာသများ(၁)
(၁)ရှက်လို့
ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ
ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...
မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....
(၂)ရောဂါဟောင်း
ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာ
ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ
(၃)ရပ်မပေးနိုင်ပါ
ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ်စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။
(၄)မောင့်အချစ်ကပိုပါတယ်
ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
တစ်ပုလင်းတည်း ချစ်တာပါ။
Tuesday, August 18, 2009
တစ်ဘ၀စာ အလွဲများ
ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူကမေးပါတယ်။
သူနာပြုဆရာမလေးက ပြုံးပြီး … “အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”
“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”
“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”
“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့ အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။
သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက် ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။ သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး မျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို့ မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့
မိရင်းဖရင်းတွေဆီ ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူ့ မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းက ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို့ ပါတဲ့လေ။
“ကျွန်တော်နာမည်ကလည်း မှားပြီး ရထားတာဗျ”
“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”
“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”
လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း သူမကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပြစ်ပေးတာကို ခံခဲ့ရတယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက စာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။
“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို ဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”
“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”
“ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”
“မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ့  မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။
“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”
“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို တကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲ အမြဲတမ်းသွားနေတော့တာပေါ့။”
လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။
သူမယူဖူးတဲ့ အကြွေးတွေအတွက် အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။
ဆရာဝန်ကသူ့ ကို အခုလိုပြောတော့ သူပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ …
“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”
“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး ဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”
ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ တမဟုတ်ချင်း ငြှိုးကျသွားပါတယ်။
“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”
“ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုတ်ဖို့ အတွက် ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ…”
သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …
“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”